သင့်စိတ် ပူလောင်နေပါသလား? ဗုဒ္ဓတရားတော်တစ်ခုခုကို ဖတ်ရှုနာယူကြည့်လိုက်ပါ။ သင့်စိတ် ချက်ချင်း အေးချမ်းသွားပါလိမ့်မယ်။ ဟုတ်ပါတယ်။
မြတ်စွာဘုရားဟောကြားတော်မူထားတဲ့ တရားတော်တွေတိုင်းမှာ စိတ်နှလုံးအေးချမ်းစေတတ်တဲ့ ဓာတ်သတ္တိတွေ အပြည့်အ၀ ကိန်းဝပ်နေပါတယ်။ စိတ်ပူလောင်နေချိန်မှာ နာယူလိုက်ရင် စိတ်အေးချမ်းသွားရသလို စိတ်အေးချမ်းနေချိန်မှာ နာယူလိုက်ရင်လည်း ပို၍ပို၍ စိတ်အေးချမ်းသွားရပါတယ်။
နေ့စဉ်ဘ၀မှာ လူသားတွေ စိတ်ပူလောင်နေရတာဟာ တွေ့ကြုံလာသမျှ အဖြစ်အပျက်တွေအပေါ် အဆိုးဘက်ကနေ ရှုမြင်သုံးသပ်နေကြလို့ပါ။ ဗုဒ္ဓတရားတော်တွေကို ကျယ်ကျယ်ပြန့် ပြန့် နှံ့နှံ့စပ်စပ် လေ့လာထားတဲ့သူဟာ တွေ့ကြုံလာသမျှ ဘယ်အဖြစ်အပျက်မျိုးကိုမဆို အဆိုးမြင်စိတ်နဲ့ တင်းမာစွာ မတုံ့ပြန်ဘဲ အကောင်း မြင်စိတ်နဲ့ နူးညံ့စွာ တုံ့ပြန်တတ်တဲ့အတွက် ဘာအကြောင်းကြောင့်မှ စိတ်မပူလောင်ရဘဲအမြဲထာဝရ စိတ်အေးချမ်းရပါတယ်။
စိတ်နှလုံးအေးချမ်းနေတဲ့သူဟာ မကောင်းမှုမှန်သမျှ မပြုလုပ်၊ ကောင်းမှုမှန်သမျှ ပြုလုပ်တဲ့အတွက် မကောင်းကျိုးမှန်သမျှ ကင်းရှင်းပြီး ကောင်းကျိုးမှန်သမျှ ပြည့်စုံလာပါတယ်။ လူသားတွေ မကောင်းကျိုး ခံစားနေ ကြရတာ မကောင်းမှုတွေ ပြုလုပ်လို့၊ ကောင်းကျိုးစံစားနေကြရတာ ကောင်းမှုတွေ ပြုလုပ်လို့ပါ။
စိတ်နှလုံးအေးချမ်းအောင် နေတတ်ဖို့နဲ့ ဘယ်အရာတွေက မကောင်းမှု၊ ဘယ်အရာတွေကကောင်းမှုဆိုတာ ကွဲကွဲပြားပြားသိဖို့ ဗုဒ္ဓတရားတော်တွေကို အမြဲမပြတ် ဖတ်ရှုမှတ်သား နာ ကြားလေ့လာနေကြရပါမယ်။
မူရင်းဗုဒ္ဓတရားတော်တွေကို နေ့စဉ်ဘ၀ထဲက တကယ့်အဖြစ်အပျက်တွေနဲ့ ပေါင်းဆက် ယှက်နွယ်ပြီး လက်တွေ့ ကျင့်သုံးလို့ရအောင် အလွယ်ကူဆုံး အသုံးအနှုန်း၊ အရှင်းလင်းဆုံး အဓိပ္ပာယ်တွေနဲ့စာရေးသူ ရေးသားဟောကြားပေးထားတာမို့ ဖတ်ရှုသူ၊ နာကြားသူအားလုံးအတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဗုဒ္ဓတရားတော်တွေက သင့်ရဲ့ စိတ်အေးချမ်းမှုကို အဆင့်မြင့်သထက်မြင့်အောင်၊ ပြီးတော့ လမ်းဆုံးအထိရောက်အောင် အပြည့်အ၀ တာဝန်ယူကူညီသွားမှာ သေချာပါတယ်။
အားလုံးထာဝရအေးချမ်းကြပါစေ။
မေတ္တာဖြင့်
အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
မြန်မာစံတော်ချိန်
Rangoon |
Saturday, October 27, 2007
ရွှေပါရမီမိတ်ဆက်
Posted by
ကိုလေး
at
10:20 PM
0
comments
Labels: Dhamma
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
● ၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်၊ အဂ်ါနေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၌ ခမည်းတော်ဦးစိန်ဝင်း၊ မယ်တော်ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သည်။
● ၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရလျက် အောင်မြင်သည်။
● သုံးထပ်ကွမ်းလူရည်ချွန်အဖြစ် ၈တန်း၊ ၉တန်း၊ ၁၀တန်းတို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။
● ၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူးခဲ့သည်။
● ၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။
● ၁၉၉၈ ခုနှစ်တွင် အသက်(၃၀)ပြည့် ပုလဲရတု မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။
● ယခုအခါ သထုံမြို့၊ ကေလာသတောင်၊ ရွှေပါရမီတောရကျောင်း၌ တစ်ပါးတည်း ဧကစာရီတောရဆောက်တည်လျက် ပရိယတ်၊ ပဋိပတ်အလုပ် အားထုတ်လျက်ရှိသည်။ ။
Posted by
ကိုလေး
at
10:09 PM
0
comments
Labels: Dhamma
Friday, September 28, 2007
အရေးမကြီးဘူး/အလွမ်းများ - လေးဖြူ
လေးဖြူ-အရေးမကြီးဘူး
Posted by
ကိုလေး
at
11:09 AM
0
comments
Labels: VCDs
Tuesday, September 18, 2007
သေနည်းသင်တန်း တက်ထားပါ။
အရှင်ကောဝိဒ ရဲ့ Original Post
သေနည်းသင်တန်း တက်ထားဖို့လိုတယ်။ ဒါအရေးကြီးဆုံးပဲ။
လူတိုင်းတစ်နေ့မှာ မုချသေရမှာ မလွဲဘူး။ ကြောက်ဖို့အလိုဘူး။ ကြောက်လို့လည်း မရဘူး။
၁။ ကြိုတင်ပြင်ဆင်ထားကြရအောင် သေနည်းသုံးမျိုး ပြောမယ်။ “ငါတော့ ဒီတောင်က မကျော် တော့ဘူး” လို့ ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့် ၊ မိမိတစ်သက် တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်းလုပ်ဖူးကြတာချည်းပဲ။ တန် ဖိုးနည်းတာ များတာ လိုရင်းမဟုတ်ဘူး။ ဒုဋ္ဌဂါမဏိမင်းကြီးလို မိမိစိတ်အကြည်လင်ဆုံး အကျေနပ် ဆုံး၊ အလှူတစ်ခုကိုပဲ ဆင်ခြင်နေ ။
၂။ ဒါမှမဟုတ် ကိုယ်ရှုမှတ်နေကျ ဘာဝနာတစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှမဟုတ်လဲ…….
၃။ ရောဂါက ပြင်းထန်လို့ ၊ ဆေးတွေလွန်နေလို့ ၊ သတိမရတစ်ချက် ၊ ရတစ်ချက်၊ ကယောင်က တမ်း ဖြစ်တယ်ပဲထား၊ သတိရလာတာနဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ” ရွတ်နေ ။ ဒါလူတိုင်းရပြီးသား။ ဒီသုံးနည်း တစ်နည်းနည်းနှင့် အသေရင် အနည်းဆုံး နတ် ပြည်ရောက်မှာ သေချာတယ်။
နယ်ခြားတောင်သာသနာပြု
Posted by
ကိုလေး
at
11:13 AM
0
comments
Labels: Dhamma
Monday, September 17, 2007
ရေဒီယို သတင်းဋ္ဌာနများ
မနက်ပိုင်း ..... ညပိုင်း .....
မနက်..... ညနေ..... ညပိုင်း
***ရေဒီယိုသတင်းများနားထောင်ရန် လိုအပ်သော Real Player မရှိရင် ဒီမှာDownload လုပ်ယူပါ။
Posted by
ကိုလေး
at
7:25 PM
0
comments
Labels: Radio Stations
Saturday, September 15, 2007
ဘာသာရေး
ဘာသာရေးနဲ့သက်ဆိုင်တဲ့ Blog လေးတွေပါ။ နှစ်သက်စရာကောင်းပါတယ်။
ဆရာတော် ဦးကောဝိဒ
ဆရာတော် ဦးကုမာရ
မှတ်ချက်။ ။ လက်ရှိသိသလောက်ပေါ့နော်။
Posted by
ကိုလေး
at
1:19 AM
0
comments
Labels: ဘာသာရေး
Friday, September 14, 2007
ဆန္န
“လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ”
“အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ”
“ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ”
Posted by
ကိုလေး
at
11:56 AM
0
comments
Labels: ဆန္န










