
NYI LYNN SECK 18 + DEN ရဲ့ Post လေးကိုဖတ်ရပြီး သူတို့ကို အားကျဂုဏ်ယူမိတယ်။ မြန်မာနိုင်ငံအတွင်းက လူငယ်တစ်စုရဲ့ မွန်မြတ်တဲ့ ကုသိုလ်အလုပ်လေးတစ်ခုဖြစ်ပါတယ်။ အပြောလွယ်ပေမဲ့ တကယ်လက်တွေ့ လုပ်ဆောင်ရာမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ကြရမှာပါ။ Handy Myanmar Youth လို့ခေါ်တဲ့ အဖွဲ့လေးက သူတို့တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားပြီး ရေဘေး၊လေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေဆီ ကိုယ်တိုင်သွားရောက် လေ့လာခဲ့ကြတယ်။ ပြည်ပမှမိတ်ဆွေတွေရဲ့ လှူဒါန်းမှုတွေကို ကိုယ်အားဥာဏ်အားနဲ့ ပင်ပန်းဆင်းရဲခံပြီး တကယ်ဒုက္ခရောက်နေတဲ့ မြစ်ဝကျွှန်းပေါ်ကပြည်သူတွေထံ သွားရောက်ထောက်ပံ့ပေးနေကြတယ်။ ကိုယ်ကိုတိုင် သွားရောက် မပါဝင်နိုင်ပေမယ့် အပြောမဟုတ်ပဲ လက်တွေ့လုပ်ဆောင်နေကြတဲ့ Handy Myanmar Youth သူငယ်ချင်းတွေ... (မိမိတို့ တတ်စွမ်းသလောက် ကိုယ်တိုင် သွားရောက်ပြီး ကယ်ဆယ်ထောက်ပံ့ရေး အလုပ်တွေလုပ်နေကြတဲ့ Volunteers တွေ) အားလုံး... အစစအရာရာ အဆင်ပြေချောမွေ့စေရန်၊ ဘေးအန္တရာယ်တွေ ကင်းဝေးစေရန်၊ အနှောက့်အယှက် အတားအဆီး အခက်အခဲတွေကိုလည်း အောင်မြင်စွာကျော်လွှားနိုင်စေရန်၊ အဝေးတစ်နေရာမှ ဆုတောင်းမေတ္တာသာ ပို့သနေမိပါတယ်။
မြန်မာစံတော်ချိန်
Rangoon |
Monday, May 19, 2008
Handy Myanmar Youth ထောက်ပံ့ကူညီရေးအဖွဲ့
Posted by
ကိုလေး
at
3:03 PM
0
comments
Subscribe to:
Posts (Atom)
